play


ရန်ကုန်မြို့အပါအဝင် နေပြည်တော်၊ မန္တလေး၊ မကွေးတိုင်းတို့ကို သက်ရောက်မှု ရှိခဲ့တဲ့ ငလျင်တစ်ခု သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က လှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။

play


နေပြည်တော်မှာလည်း ငလျင်လှုပ်ခြင်းကို သိသားပြင်းထန်စွာ ခံစားလိုက်ရကြောင်း ပြန်ကြာရေးဝန်ကြီးဌာနက ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

play


ငလျင်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့နဲ့ ၁၂ မိုင်အကွာမှာ ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ နေထိုင်သူအချို့ကတော့ ငလျင်ဟာ တစ်ကြိမ်တည်း လှုပ်ခဲ့တာမဟုတ်ဘဲ လှုပ်ခတ်ချိန်လည်း ကြာမြင့်ခဲ့တယ်လို့ ပြောပါတယ်။

play


ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံမှာ စေတီပုထိုး ၆၅ ဆူ ပြိုကျမှုဖြစ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နိုင်ကြောင်း သတိပေးထားကြောင်း သိရပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းများအရ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦးရှိပြီး တစ်ဦး ဒဏ်ရာရရှီကြောင်း သိရပါတယ်။
Source & Photo: USGS, MOI, 7Day Daily, မင်းနိုင်အောင်၊ ဂျက်မ၊ အောင်ကျော်ဦး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video