play


ဒီနေ့ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ ပုဂံမြို့က ထီးလိုမင်းလိုစေတီတော်၊ လောကနန္ဒာ စေတီတော်၊ ဓမ္မရာဇကစေတီတော်နဲ့ စူဠာမဏိစေတီတော်တွေ အပါအ၀င် ရှေးဟောင်းဘုရားစေတီ(၆၅)ဆူခန့် ထီးတော်ယိုင်တာတွေ၊ စိန်ဖူးတော်မြေခတာတွေနဲ့ ၊ ဖောင်းရစ်အက်ကွဲတာတွေ ဖြစ်ခဲ့တယ်လို့သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။

play


ဒါ့အပြင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မြို့မဈေးကြီးအရှေ့ဘက် ကျမ်းကိုင်ကျွန်းဘုရားဝင်းထဲက စေတီတော်ပြိုကျခဲ့ပြီး ပွင့်ဖြူ မြို့နယ်မှာ စေတီနဲ့အဆောက်အအုံတွေ ပြိုကျတာတွေဖြစ်ဖွားခဲ့ပြီး မင်းလှမြို့နယ်မှာ ဘုရားစေတီတစ်ဆူ စိန်ဖူးတော်မြေခခဲ့တယ်လို့ သိရပါတယ်။

play


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာလည်း ရတနာ့မာန်အောင်စေတီတော် ပြိုကျခြင်း၊ စစ်တွေမြို့နယ်မှာ ဓာတ်တိုင်တွေ ယိမ်းယိုင်တာတွေ ဖြစ်ခဲ့ပြီး နေပြည်တော် လွှတ်တော်အဆောက်အဦက မျက်နှာကျက်တွေ အနည်းငယ်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

play

play


Source & Photo: PRDM, 7Day Daily, အောင်ကျော်ဦး, AFP/Oe Moe Aung

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video