AD
AD
AD
play

 

ငလျင်ဒဏ်ကြောင့်ပျက်စီးသွားတဲ့ ရှေးဟောင်းပုဂံဘုရားတွေကို အရေးပေါ်ကာလအဖြစ် သတ်မှတ်ပြီး ယူနက်စကိုအဖွဲ့က ပုဂံမြို့ကို သွားရောက်စစ်ဆေးပြီး  စစ်တမ်းကောက်ယူမှာဖြစ်ကာ ဘုရားတွေကို ပြန်လည်ပြုပြင်ဖို့ ငွေကြေးနဲ့ နည်းပညာတွေကို ကူညီပေးသွားမယ်လို့ ယူနက်စကို ယဉ်ကျေးမှုဌာနအစီအစဉ် ညှိနှိုင်းရေး မှူး ဒေါ်ဥမ္မာမျိုးက 7Day Daily သတင်းစာကို ပြောခဲ့ပါတယ်။

play

 

‘‘ယူနက်စကိုအဖွဲ့က မနက်ဖြန် ပုဂံကိုသွားပြီးစစ်ဆေးမယ်။ ဘယ်လောက်ထိ ပျက်စီးမှုရှိတယ်ဆိုတာ စာရင်းကောက်ယူမယ်။ ပြီးရင် ဘုရားတွေကိုဘယ်လိုနည်း နဲ့ ပြန်လည်ပြုပြင်မလဲဆိုတာ ဆွေးနွေးရပါမယ်။ အခုအရေး ပေါ်ကာလအဖြစ် သတ်မှတ်ပြီး ပြုပြင်မယ်။ ယူနက်စကိုက ငွေကြေးအရရော နည်းပညာအရပါ ကူညီပေးသွားမယ်"လို့ ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။

play

 

ယူနက်စကိုအဖွဲ့က ပုဂံ မြို့မှာ ပျက်စီးသွားတဲ့ ဘုရားတွေကို စစ်ဆေးပြီး စာရင်းကောက်ယူဖို့ ဒီနေ့မှာ ပုဂံမြို့ကို သွားရောက်မယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Soe Moe Auug (AFP)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD