play

 

မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ) ကို  စက် တင်ဘာ ၁၅ ရက်မှာ စတင်ဖျက်သိမ်းမယ်လို့ သိရပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က လွှဲပြောင်းစီမံခန့်ခွဲ တော့မှာ ဖြစ်တယ်လို့  အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး အောင်ကိုဦးက ပြောကြားထားကြောင်း သိရပါတယ်။

မထသကို တရားဝင်ဖျက်သိမ်းတော့မှာဖြစ်ပြီး  YRTA အောက် ရောက်တာနဲ့ ဘတ်စ်ကားတွေ စည်းကမ်းချိုးဖောက်မှုကို ပိုပြီး ထိထိရောက်ရောက်အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ဒုရဲမှူးကြီး အောင်ကိုဦးက ဆိုပါတယ်။ ရန်ကုန်မြို့တွင်း  ပြေးဆွဲမယ့် ခရီးသည်တင်ယာဉ်လိုင်းတွေဟာ အများပိုင်ကုမ္ပဏီ လျှောက်ထားခြင်းတွေပြုလုပ်နေပြီး သြဂုတ်လကုန်အထိသာ ခွင့်ပြုမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Source: 7Day Daily
Photos: News Watch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video