AD
AD
AD
play

 

 မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက်  ယန်းငွေ ဘီလီယံ ၁၀၀  (အမေရိကန်ဒေါ်လာ ၉၉၅ သန်းဝန်းကျင်) ထုတ်ချေးဖို့ ဂျပန်နိုင်ငံက ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

 7Day Daily ရဲ့ ဖော်ပြချက်အရ ဂျပန်နိုင်ငံက ချေးငွေထုတ်ပေးမယ့် အစီအစဉ်ကို ဂျပန်အစိုးရ အရာရှိတစ်ဦးက ဩဂုတ် ၂၆ ရက်က  ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလဆန်းမှာ ပြုလုပ်မယ့် အာဆီယံအဖွဲ့ ညီလာခံ အစီအစဉ်တွေကို  ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်စဉ်မှာ ချေးငွေအစီအစဉ်အသေးစိတ်ကို ထုတ်ပြန်ကြေညာဖွယ် ရှိတယ်လို့  အဆိုပါအစိုးရအရာရှိက ပြောထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဂျပန်ရဲ့ ချေးငွေကို မြန်မာနိုင်ငံရဲ့ အကြီးဆုံး မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးတို့ကြား ဆက်သွယ်ထားတဲ့ ရထားလမ်းပိုင်းတွေ ပြန်လည်ပြုပြင်ရေးလိုမျိုး အခြေခံအဆောက်အအုံ မွမ်းမံရေးတွေမှာ အသုံးပြုဖွယ်ရှိတယ်လို့ အဆိုပါ ဂျပန်အစိုးရအရာရှိက မှတ်ချက်ပေးခဲ့ကြောင်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD