play

ယနေ့ည ၉ နာရီဝန်းကျင်က လှိုင်သာယာမြို့နယ် စက်မှုဇန်ု (၂) ရှိ ကမ္ဘာကျော် ပီနံအိတ်စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားကြောင်း မီးသတ်ဌာနမှ သိရပါတယ်။

play

 

မီးသတ်ဦးစီးဌာနမှ Level 2 ယာဉ်အုပ်စု ကနဦး ထွက်ခွာခဲ့ပြီးနောက် Level 3 ယာဉ်အုပ်စုပါ ထပ်မံ ထွက်ခွာသွားကြောင်း မီးသတ်ဦးစီးဌာန ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

မီးလောင်ကျွမ်းမှုကို မြို့နယ်အသီးသီးမှ မီးသတ်ယာဉ် ၄၀ စေလွှတ်ငြှိမ်းသတ်ခဲ့ကြောင်း သိရပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းများအရ လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ကမ္ဘာကျော် ပီနံအိတ်စက်ရုံ မီးလောင်မှုအား ည ၁၀ နာရီမှာ ငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ဖေ့စ်ဘွတ်မှာ comment ရေးသား ဖော်ပြထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video