play

 

လေးလောင်းပြိုင် လူသတ်မှုနဲ့ပတ်သက်ပြီး  ပြည်သူတွေက ဝိုင်းဝန်းကူညီပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ အမှုမှန်ပေါ်ဖို့အတွက် ရဲတပ်ဖွဲ့ကို ကူညီပေးသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ကူညီပေးမယ်လို့ မျှော်လင့်ကြောင်း သေသူတွေအတွက်  သြဂုတ် ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ နာရေးဆွမ်းသွတ်အလှူမှာ ဦးလင်းနိုင်မြင့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကလေးတွေကို လူမဆန်စွာ သတ်ဖြတ်သွားကာ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်တာဖြစ်တယ်လို့လည်း ဦးလင်းနိုင်မြင့်က ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားရှိရင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အမှုဖြစ်ပွားတာဟာ တစ်ပတ်ခန့် ကြာလာပေမဲ့ ရဲတပ်ဖွဲ့က အမှုနဲ့ပတ်သက်လို့ သဲလွန်စ မရရှိသေးခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ  ဦးလင်းနိုင်မြင့်က မှတ်ချက်မပေးလိုကြောင်း ပြောကြားခဲ့တယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Photos & Source: 7Day Daily, ကျော်ဇင်သန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video