play

 

မင်းကွန်းပုထိုးတော်ကြီး ရေရှည်တည်တံ့စေဖို့နဲ့ ခရီးသွားတွေ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပုထိုးတော်ကြီး အထက်ပစ္စယံပေါ် တက်ရောက်ခွင့်ကို တားမြစ်သွားမယ်လို့ သိရပါတယ်။

မင်းကွန်းပုထိုးတော်ကြီးရဲ့အတွင်းပိုင်းအမိုးက ရေယိုစိမ့်မှုဖြစ်နေကာ သစ်ပင်ခြုံနွယ်တွေလည်းပေါက်ရောက်နေပြီး သဘာဝဘေး အန္တရာယ်အမျိုးမျိုးကြောင့် ပုထိုးတော်ကြီးရဲ့ ခိုင်ခံမှုက တဖြည်းဖြည်းအားနည်းလာနေတယ်လို့လည်း သိရပါတယ်။

play

 

ပုထိုးတော်ကြီးအပေါ်ကို တက်ရောက်ခွင့်လုံးဝပိတ်ဖို့ ရှေးဟောင်းသုတေသနဦးစီးဌာနက စီစဉ်နေတာဖြစ်ပေမဲ့ အခုအချိန်အထိ ထိထိရောက်ရောက်မတားဆီးနိုင်သေးဘူးလို့ မင်းကွန်းဒေသ သမိုင်းဝင်လေးဌာန ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဦးနန္ဒိမာအဓိပတိက မိန့်ကြားပါတယ်။

"တကယ်လို့ ငလျင်တွေဘာတွေလှုပ်ခဲ့မယ်ဆိုရင် အပေါ်ကိုရောက်နေတဲ့ ဧည့်သည်တွေဆင်းချိန်မရလို့ ခုန်ချတာတွေဖြစ်ရင် အသက်အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ဒါကို ပူးပေါင်းစောင့်ရှောက်ဖို့ လိုနေပါပြီ"လို့ ဦးနန္ဒိမာအဓိပတိက ဆက်လက် မိန့်ကြားပါတယ်။

Source : 7DayTV

Photos : 7DayDaily,wiki

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video