AD
AD
AD
play

 

မန္တလေးမြို့တွင်းမှာ အအေးဆိုင်နဲ့ စားသောက်ဆိုင်အမည်ခံပြီး တရားမဝင်အလုံပိတ်အခန်းနဲ့ တဲတွေ ဖွင့်လှစ်နေတာကို ဖမ်းဆီးမယ်လို့ သိရပါတယ်။ စီမံချက်အနေနဲ့ အရေးယူဆောင်ရွက်မှာဖြစ်ပြီး သတင်းပေးတိုင်ကြားရင်လည်း စစ်ဆေးအရေးယူမှာ ဖြစ်ပါတယ်။

 သြဂုတ် ၂၆ ရက်နေ့က ချမ်းမြသာစည်မြို့နယ်မှာ အအေးဆိုင် ၁၁ ဆိုင်ကို စစ်ဆေးခဲ့ပြီး အခန်းပေါင်း ၁၀၉ ခန်းတွေ့တာကြောင့် စည်ပင်သာယာရေးကော်မတီကို အကြောင်းကြားထားတယ်လို့ ချမ်းမြသာစည်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောထားပါတယ်။

တစ်ချို့ဆိုင်တွေကို သတိပေးခဲ့တာရှိသလို စည်ပင်သာယာဥပဒေနဲ့ ချက်ချင်းအရေးယူခဲ့ကြောင်း၊ ဘေးပတ်ဝန်းကျင်က တိုင်ကြားရင်လည်း စစ်ဆေးအရေးယူမှာ ဖြစ်ကြောင်း မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က ပြောထားပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD