AD
AD
AD
play

 

ဘုန်းကြီးလမ်း တံတားအမှတ် (၁) ဆိပ်ကမ်းကနေ ရန်ကုန်မြစ်အတွင်း ပြုတ်ကျသွားတဲ့ လူငယ်ကို ကယ်ဆယ်ရေးအဖွဲ့ဝင် နှစ်ဆယ်ကျော်နဲ့ ပြန်ရှာပေမဲ့ တစ်ရက်ကြာတဲ့ထိ မတွေ့သေးဘူးလို့ သိရပါတယ်။

 သြဂုတ် ၂၇ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အချင်းချင်းစနောက်ရာက  ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ပြုတ်ကျစဉ်မှာ နှစ်ဦးဖြစ်ပေမဲ့ တစ်ဦးဟာ ကုန်းပေါ်ကို ချက်ချင်းပြန်တက်လာပြီး ကျန်တစ်ဦးဟာ ရေစီးနဲ့မျောပါ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ၂၇ ရက်နေ့ကတည်းက ပျောက်သွားတာဖြစ်ပြီး သူတို့နည်းသူတို့ဟန်နဲ့ ရှာဖွေတာမရတော့ဘဲ အခုမီးသတ်ကို အကြောင်းကြားတာကြောင့် လာရောက်ရှာဖွေတာဖြစ်တယ်လို့ ၂၈ ရက် ညက ဦးဆောင်ရှာဖွေခဲ့တဲ့ အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးဌေးဝင်းက ပြောထားပါတယ်။

 မြစ်ရေကျချိန် သြဂုတ် ၂၈ ရက် ည ၈နာရီကျော်မှာ မီးသတ်အင်အား နှစ်ဆယ်ခန့်နဲ့ ရှာဖွေခဲ့ပေမဲ့ ပျောက်ဆုံးနေသူကို ရှာမတွေ့တာကြောင့် ရှာဖွေမှုကို ရပ်ဆိုင်းခဲ့ရပါတယ်။

Photos & Source: 7Day Daily, စိုင်းဇော်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD