play

 

ရန်ကုန်မြို့ထဲမှာ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး စီမံချက်နဲ့ ရှင်းလင်းအရေးယူ ကြပ်မတ်လုပ်ဆောင်သွားတော့မယ်လို့ တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် အာဏာပိုင်အဖွဲ့က ကြေညာထားပါတယ်။

ရန်ကုန်တိုင်းထဲက စည်းကမ်းပျက်ယာဉ်တွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ပြီး  ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ကြဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က နှိုးဆော်ထားကာ ဆက်သွယ်သတင်းပို့လို့ရမယ့် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ရဲ့ တယ်လီဖုန်း နံပါတ်တွေကိုပါ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

play

 

စီမံချက်ကာလက တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့က အကောင်အထည်ဖော်မယ့် အများပိုင်ဘတ်စ်ကားလိုင်းတွေ ထွက်ပေါ်လာတဲ့ အချိန်အထိဖြစ်ပြီး စီမံချက်ကာလအတွင်း ဖမ်းခံရတဲ့ ကားတွေကိုချမှတ်မယ့် ဒဏ်ကြေးကိုလည်း ကျပ် ၅၀၀၀၀ အနိမ့်ဆုံးချမှတ်သွားမယ်လို့ သိရပါတယ်။

ဒီလိုဖမ်းဆီးအရေယူရာမှာ တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့က အများပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို မျှော်လင့်ထားပြီး ဗိုင်ဘာ VIBER ကနေတစ်ဆင့် ဓာတ်ပုံနဲ့ပေးပို့တိုင်ကြားရင်လည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

Source : DVB

Photos : Wai Linn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video