play

 

သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ရှေးဟောင်းပုဂံ ဘုရားတွေမှာ ရှင်းလင်းဖို့အတွက် စေတနာ့ဝန်ထမ်းတွေ လက်ခံသွားမယ်လို့  ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်များဦးစီးဌာနက ကြေညာခဲ့ပါတယ်။

ငလျင်ဒဏ်သင့် ရှေးဟောင်းအပျက်အစီးတွေကို  စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ဖို့ အချိန်တစ်လလောက် လိုအပ်မယ်လို့ သိရပြီး ရှင်းလင်းရေး လုပ်ငန်းတွေကို စက်တင်ဘာလမှာ စတင်သွားမယ်လို့ သိရပါတယ်။

play

 

ဘုရား၊ ပုထိုးတွေရဲ့သန့်ရှင်းရေးပိုင်းတွေမှာ ပူးပေါင်းကူညီဖို့ အလုပ်ကြမ်းလုပ်နိုင်တဲ့ စေတနာ့ဝန်ထမ်းတွေ လိုအပ်နေပြီး ရှင်းလင်းပုံရှင်းလင်းနည်းတွေကိုတော့ ရှေးဟောင်းသုတေသနနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ပညာရှင်တွေက အသိပေးလမ်းညွှန်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ငလျင်ဒဏ်သင့် ဘုရားစေတီတွေ မိုးဒဏ်ကာကွယ်ဖို့ အမိုးအကာတွေမိုးတာကို ကူညီလုပ်ကိုင် ဆောင်ရွက်ပေးနေတဲ့ စေတနာဝန်ထမ်းတွေကို လုံခြုံရေးအရ ရှေးသုဦးစီးဌာနက အသိအမှတ်ပြုကတ်တွေ ထုတ်ပေးနေပြီး သြဂုတ် ၂၉ ရက်အထိ လူပေါင်း ၁၅၀ လောက် ကူညီနေတယ်လို့ ဆိုပါတယ်။

သြဂုတ် ၂၄ ရက်က ချောက်မြို့နားကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပုဂံဒေသက စေတီပုထိုးပေါင်း ၃၉၇ ဆူ ပျက်စီးခဲ့ပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video