AD
AD
AD
play


ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ကြတဲ့ သူတွေက မိမိတို့ရဲ့ကဏ္ဍသေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကြိုးပမ်းဆောင်ရွက်သွားရင် မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုက ပြောကြားခဲ့ပါတယ်။

play


အမျိုးသားရင်ကြားစေ့ရေးက ပြည်ထောင်စုသားအားလုံးနဲ့ သက်ဆိုင်တယ်လို့ ပြောခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြားက သင့်မြတ်ရေးလည်းပါဝင်တယ်လို့ ဆိုပါတယ်။

play


ဦးသိန်းစိန် ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ဂုဏ်ပြုတဲ့အကြောင်းလည်းပြောခဲ့ပြီး ညီလာခံမှာ အစိုးရသက်သက်ပဲမဟုတ်ဘဲ အစိုးရ၊ တပ်မတော် လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ စတဲ့ အစုအဖွဲ့ သုံးဖွဲ့ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

play


လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်သင့်တဲ့ ညီလာခံကြီးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့လို့ မအောင်မြင်ခဲ့တဲ့ သမိုင်းဖြစ်စဉ်ကို သင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်ပြီး အာလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

play


ပြည်သူတွေထောက်ခံချက်မပါဘဲ ငြိမ်းချမ်းရေးက မအောင်မြင်နိုင်သလို  ရှေ့လာမယ့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေက ဘယ်လောက်ခက်ခဲပါစေ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ရင် ပြည်သူတွေလိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်ပါမယ်လို့ ပြောကြားခဲ့ပါတယ်။
Photos : MRTV, 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD