AD
AD
AD
play
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အမှာစကားပြောကြားနေစဉ်။

 

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးခရီးစဉ်က ရှည်လျားတဲ့ခရီးဖြစ်ပေမဲ့ အောင်မြင်မယ်လို့ ယုံကြည်တဲ့အကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောခဲ့ပါတယ်။

သြဂုတ် ၃၁ ရက်နေ့က၊ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန MICC (II) မှာ ကျင်းပပြုလုပ်တဲ့ ညီလာခံပထမနေ့ အဖွင့်မိန့်ခွန်းမှာ  ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုလိုထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ရှေ့ဆက်ရမယ့်ခရီးစဉ်က ရှည်လျားပေမဲ့ အခုခရီးမှာ အောင်မြင်မှုရရှိမယ့် အလားအလာကောင်းများစွာ ရှိနေတယ်လို့ ကျွန်တော် ယူဆပါတယ်”လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

play

 

ဒီမိုကရေစီခရီးမှာ နိုင်ငံ့ခေါင်းဆောင်တွေက လက်မခံခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ထိခိုက်ဖွယ်ရာတွေကို ကမ္ဘာအနှံ့အပြားမှာ တွေ့မြင်နေရလို့၊ နိုင်ငံခေါင်းဆောင်တွေက အလေးထားဆောင်ရွက်ပေးရင် အလွန်အကျိုးရှိတယ်ဆိုတာကို မြန်မာ့ငြိမ်းချမ်းရေး ခရီးဖြစ်စဉ်က ပြသခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာဘန်ကီမွန်းနဲ့ ဇနီးတို့က မြန်မာနိုင်ငံကို အလုပ်သဘောခရီးနဲ့ သြဂုတ် ၃၀ ညနေ ၅ နာရီ ၂၂ မိနစ်မှာ နေပြည်တော်ကို အထူးလေယာဉ်နဲ့ ရောက်ရှိလာပြီး ဒီနေ့ ညနေမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

Source & Photos : Journalist Magazine

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD