AD
AD
AD
play

 

ငလျင်ဒဏ်ကြောင့် ဝင်ရောက်လေ့လာခွင့် ယာယီပိတ်ထားရတဲ့ ဘုရားတွေကို အလွယ်တကူသိရှိနိုင်ဖို့ လမ်းညွှန်ဆိုင်းဘုတ်တွေကို ထားရှိသွားမယ်လို့ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (JICA) ပုဂံရုံးခွဲက သတင်းထုတ်ပြန်ခဲ့ပါတယ်။

‘‘JICA အနေနဲ့ ပုဂံဒေသကို လာပြီးလည်ပတ်တဲ့ ခရီးသွားဧည့် သည်တွေအတွက် ဘုရားတွေကို ပြန်လည်ပြုပြင်ဖို့ ဆောင်ရွက်နေ တဲ့အချိန်မှာ အဆင်ပြေစွာ လည်ပတ်နိုင်ဖို့ လမ်းညွှန်ဆိုင်းဘုတ်တွေကို ဗီနိုင်းတွေနဲ့ သင်္ကေတလေးတွေပြပြီး စိုက်ထူပေးဖို့ လုပ်သွားမှာ ဖြစ်ပါတယ်’’လို့ JICA ပုဂံရုံးခွဲ လက်ထောက် စီမံကိန်းတာဝန်ခံ ဒေါ်သန္တာက ပြောပါတယ်။

အများပြည်သူ ဝင်ရောက်ဖူးမြော်ဖို့ မသင့်သေးတဲ့ ယာယီပိတ်ထားတဲ့ ဘုရားစေတီတွေရဲ့နေရာကို  အလွယ်တကူသိရှိစေဖို့အတွက် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပူးပေါင်းပြီး လမ်းညွှန်ဆိုင်းဘုတ်တွေကို လေဆိပ်၊ ကားဂိတ်နဲ့ ပုဂံဘုရားတွေနားမှာ စိုက်ထူသွားမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : J Maung Maung (7DayDaily)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD