Local News: ဒီမောဆိုမြို့နယ်မှာ ကားမှောက်တာ ငါးဦးသေဆုံး ၃၅ ဦး ဒဏ်ရာရ

ကုန်းအဆင်းမှာ ဘရိတ်ပေါက်ပြီးတိမ်းမှောက်ခဲ့တာပါ။

play

 

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်ထဲက ဒီမောဆိုမြို့နယ်ကနေ ဒေါတမကြီးကိုသွားတဲ့ ကားလမ်းမိုင်တိုင်အမှတ် ၁၆/၇ နဲ့ ၁၇ မိုင်အကြားမှာ အောက်တိုဘာ ၂၀ ရက် မနက် ၉ နာရီအချိန်က ဒမ့်ထရပ်တစ်စင်း တိမ်းမှောက်ခဲ့လို့ လူငါးဦးသေဆုံးခဲ့ပြီး  ယာဉ်မောင်းအပါအဝင် ၃၅ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

ယာဉ်မောင်း ကျော်စွာဦး မောင်းနှင်လာတဲ့ လိမ္မော်ရောင် ဒမ့်ထရပ်ယာဉ်က ငွေတောင်ကျေးရွာ ဆည်မြောင်းရပ်ကွက်ကနေ ဒေါတမကြီး ကျေးရွာအုပ်စု ဒေါညေးခူကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ကထိန်ခင်းသွားရောက်တုန်းမှာ ဒေါဖုကျေးရွာနားက လမ်းအဆင်းမှာ ကားဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

play

 

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူငါးဦးရှိခဲ့ပြီး ၁၁ ဦးကိုအတွင်းလူနာအနေနဲ့ ဒီမောဆိုဆေးရုံကို ပို့ဆောင်ခဲ့ကာ ကျန်ဒဏ်ရာရတဲ့ သူတွေ ကို လွိုင်ကော်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်းကို အရေးယူဆောင်ရွက်ဖို့ ဒီမောဆိုမြို့မရဲစခန်းက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source & Photos :MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ