Local News: မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုအတွက် ကုမ္ပဏီလေးခု လေလံအောင်

ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်နိုင်မှာ မဟုတ်ဘူးလို့ လေလံပွဲစောင့်ကြည့်လေ့လာသူ အချို့က ပြောကြားထား။

play

 

ပြည်တွင်းမှာ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုပေးဖို့ လေလံတင်ရောင်းချရာမှာ  ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကုမ္ပဏီကိုးခုအနက် လေးခုအောင်မြင်ခဲ့တယ်လို့သိရပါတယ်။

လေလံကြေးစုစုပေါင်း အမေရိန်ကန်ဒေါ်လာ သန်း ၂၄၀ ကျော်ရှိပြီး အင်တာနက်ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားထားပါတယ်။

 မြန်နှုန်းမြင့် လှိုင်းနှုန်း 2600 MHz ကို ၀န်ဆောင်မှုပေးနိုင်ဖို့ တစ်နိုင်ငံလုံးကို နယ်မြေသုံးခုခွဲကာ နယ်မြေ(၁) အတွက် Fortune International Ltd နဲ့ Global Technology Co.,Ltd ၊ နယ်မြေ(၂) အတွက် Amara Communica- tions Co.,Ltd နဲ့ Yantanarpon Teleport Public Co;Ltd ၊ နယ်မြေ(၃) အတွက် Yatanarpon Teleport Public Co.,Ltd နဲ့ Amara Communication Co.,Ltd တို့က ရရှိခဲ့တာဖြစ်ပါတယ်။

လေလံဈေးဟာ အလွန်မြင့်မားနေပြီး သုံးစွဲသူတွေ ဈေးနှုန်းသက်သာစွာ အင်တာနက်ရရှိဖို့  ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်နိုင်မှာ မဟုတ်ဘူးလို့ လေလံပွဲစောင့်ကြည့်လေ့လာသူ အချို့က ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ