Local News: အမြန်ရေယာဉ် နစ်မြုပ်မှုနဲ့ပတ်သက်ပြီး ဝမ်းနည်းကြေကွဲကြောင်း အစိုးရ ထုတ်ပြန်ကြေညာ

ရေယာဉ်နစ်မြုပ်မှုအပေါ် စနစ်တကျစစ်ဆေးပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူမယ်။

play

 

ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် မိသားစုနဲ့အတူထပ်တူ ၀မ်းနည်းကြေကွဲကြောင်းနဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူမှာ ဖြစ်ကြောင်း  ပြည်ထောင်စုအစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အသက်ဆုံးရှုံးခဲ့တဲ့ ခရီးသည်တွေအတွက် သက်ဆိုင်ရာဌာနတွေက လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးမှာဖြစ်ပြီး ရေယာဉ်နစ်မြုပ်မှုအပေါ် စနစ်တကျစစ်ဆေးကာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူမှာဖြစ်ပါတယ်။ အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီ ၁၀ မိနစ်မှာ မုံရွာမြို့ကို ထွက်ခွာလာတဲ့ အေးငြိမ်းချမ်းသာ အမြန်မော်တော်ရေယာဉ်လိုင်းမှ အောင်စိုးမိုးကျော်(၂) အမြန်ရေယာဉ်ဟာ  မိချောင်းတွင်းကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

 အမြန်ရေယာဉ်နစ်မြုပ်မှုကို အစိုးရအဖွဲ့ထက်စောပြီး  ဂျာမနီသံရုံးက ၀မ်းနည်းကြေကွဲကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့တာကြောင့် ပြည်ထောင်စုအစိုးရအပေါ် လူမှုကွန်ရက်တွေကနေ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

Photos & Source: 7Day Daily, ထွန်းထွန်းဝင်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ