Local News: မောင်တောမှာ လုံခြုံရေးနဲ့ ကာကွယ်ရေးစခန်း ၁၂ ခု ထပ်တိုးချဲ့မယ်

လုံခြုံရေးအင်အားကို နှစ်ဆတိုးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

play
မောင်တောဒေသတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ။

 

အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့ မောင်တောနယ်စပ်ဒေသပိုမိုလုံခြုံဖို့အတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးစခန်း ၁၂ ခုကို တိုးချဲ့တည်ဆောက်သွားမယ်လို့  ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောပါတယ်။

ဒီလုံခြုံရေးစခန်းတွေကို အောက်တိုဘာလ ၂၀ ရက်မှာစတင်တည်ဆောက်သွားမှာဖြစ်ကာ လုံခြုံရေးအတွက် အရင်ထက်စိတ်ချရပြီး ဒေသခံတွေ ယုံကြည်မှု အပြည့်အဝရလာစေဖို့ လုံခြုံရေးအင်အားကို နှစ်ဆတိုးဆောင်ရွက်သွားမယ်လို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ပြောထားပါတယ်။

play

 

‘‘လုံခြုံရေး  စခန်း ၁၂ ခု ဆောက်မယ်။ အရင်ကတည်းကလည်း လုံခြုံရေးစခန်းက ၂၀ ကျော်လောက်ရှိပါတယ်။ အဲဒါနဲ့ ပေါင်းလိုက်ရင် ၃၀ ကျော်လောက် ရှိပါတယ်။ အဲဒါတွေကို အင်အားတွေ ဖြည့်တင်းပေးပါမယ်’’လို့ ဒေါက်တာချမ်းသာက ပြောပါတယ်။

မောင်တောနယ်စပ် လုံခြုံရေးအတွက် နယ်ခြားစောင့်ရဲကို အဓိကထားသွားမှာဖြစ်ပြီး တပ်မတော်က နယ်မြေကင်း လှည့်မှု၊ လှုပ်ရှားမှုအနေနဲ့ပဲ ရှိနေမယ်လို့ သိရပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ