Local News: မုန်တိုင်းငယ်တစ်ခု မြန်မာ့ ကမ်းရိုးတန်းကို ဦးတည်နေ

နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။

play

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိခဲ့ပြီး  မြန်မာ့ကမ်းရိုးတန်းဘက်ကို ဦးတည်နေကာ လိမ္မော်ရောင်အဆင့် သတိပေးချက် သတ်မှတ်ထားတယ်လို့ မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့မနက် ၁၁ နာရီက ထုတ်ပြန်လိုက်တာဖြစ်ပြီး မုန်တိုင်းငယ်ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့ အနောက်/ အနောက်တောင်ဘက် မိုင် (၂၉၀)ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် မိုင်(၄၁၀)ခန့်၊ ရန်ကုန်မြို့ရဲ့  အနောက်တောင်ဘက် မိုင်(၄၉၀)ခန့်နဲ့ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ရဲ့ အနောက်/ အနောက်မြောက်ဘက် မိုင်(၂၇၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။  ကနဦးမှာ အရှေ့/ အရှေ့မြောက် ဘက်ကို ရွေ့လျားပြီး၊ နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းတွေ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ကာ တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ