Local News: ဖခင်က သမီးရင်းနှစ်ဦးကို ဓားဖြင့်ခုတ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ

အမေဖြစ်သူက ရန်ကုန်ဘက်မှာ အလုပ်သွားလုပ်နေတယ်။

play

 

ကျောက်ပန်းတောင်းမြို့နယ်မှာ ဖခင်အရင်းက သမီးနှစ်ယောက်ကိုသတ်ပြီး သူ့ကိုယ်သူပါ သတ်သေသွားတဲ့ဖြစ်ရပ်တစ်ခု ဒီနေ့မနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်၊ ကင်မွန်းခြုံ ကျေးရွာမှာ အရက်ကြောင်နေတဲ့ ဖခင်ဟာ ၄ နှစ်နဲ့ ၁၈ နှစ်အရွယ် သမီးရင်း နှစ်ယောက်ကို  ဓားနဲ့ခုတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံစည်ခဲ့တာဖြစ်တယ်လို့ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားထားပါတယ်။

play

 

အမေဖြစ်သူက ရန်ကုန်ဘက်မှာ အလုပ်သွားလုပ်နေတယ်လို့သိရပြီး ကလေးတွေ အိပ်နေတုန်း လည်ပင်းကို ဓားနဲ့ ခုတ်ခဲ့တာ ဖြစ်ပါတယ်။  သူ့ လည်ပင်းသူလည်း ဓားနဲ့လှီးပေမဲ့ လေပြွန်ကို ထိသွားကာ  ညောင်ဦးဆေးရုံမှာ ရဲအေစာင့်အရှောက်နဲ့ ကုသနေတယ်လို့ အဆိုပါ ရဲအရာရှိက ပြောကြားပါတယ်။

 အမှုကို သေဆုံးသူ မိန်းကလေးနှစ်ဦးရဲ့ ဦးလေးတော်စပ်သူက တရားလိုပြုလုပ် တိုင်တန်းထားပြီး လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ ကျောက်ပန်းတောင်းမြို့မ ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source: 7Day Daily
Photos ; DVB, အာကာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ