Local News: ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကြောင့် ရခိုင်ပြဿနာတွေ ဖြစ်နေတာလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဝါရှင်ပို့စ်သတင်းစာနဲ့ အင်တာဗျူးမှာ အခုလိုပြောကြားခဲ့တာပါ။

play

 

မြန်မာနိုင်ငံသားတွေလက်မခံတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ပေမယ့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက ခေါ်တွင်ခဲ့လို့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေဖြစ်ပွားနေတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

"ဒါဟာ ပြဿနာမီးမွေးတဲ့ အသုံးအနှုန်းပါ။ ကျွန်မတို့ကတော့ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေလို့ ရိုးရိုးရှင်းရှင်းပဲ ပြောပါတယ်။ ဒါကအားလုံး လက်ခံသင့်တဲ့ ဖော်ပြချက်ပါ” လို့ ၀ါရှင်ပို့စ်သတင်းစာနဲ့ နယူးဒေလီက မြန်မာသံရုံးမှာ အင်တာဗျူး ဖြေကြားတုန်း အခုလို ပြောကြား လိုက်တာပါ။

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို ဖိနှိပ်ခံတာတွေအတွက် ရပ်တည်ပြောကြားတာ မရှိဘူးလို့ ဝေဖန်မှုတာတွေနဲ့  ပတ်သက်ပြီး ဘက်မလိုက်ဘဲ ပြောကြားခဲ့လို့ အများက မကြိုက်တာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

Source : The Ladies News

Photo : Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ