Local News: တာမွေမြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ ဘဂါင်္လီ ငါးဦးကိုဖမ်းမိ

လ၀က ဥပဒေနဲ့ အရေးယူဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

play

 

တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်မှာ အောက်တိုဘာလ (၂၂) မနက် ၃ နာရီလောက်က ရခိုင်ပြည်နယ်ကနေ ၀င်ရောက်လာတဲ့ ဘင်္ဂါလီငါးဦးကို မီးတန်းလှည့်ကင်းကားက တွေ့ရှိဖမ်းဆီးမိခဲ့ပြီး လ၀က ဥပဒေနဲ့ အရေးယူဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမိခဲ့တဲ့ အမျိုးသားငါးဦးကို လွန်ခဲ့တဲ့ ငါးရက်လောက်က ရခိုင်ပြည်နယ်မှပွဲစားတစ်ဦးက လူတစ်ဦးကို ၁၅သိန်းပွဲခရယူပြီး ရန်ကုန်မြို့ကို ပို့ဆောင်ပေးခဲ့တာလို့  ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ကပြောပါတယ်။

ရန်ကုန်မြို့ကို ၀င်ရောက်ခဲ့တဲ့ ဘင်္ဂါလီအမျိုးသားငါးဦးက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲက ကျေးရွာတွေမှာ နေထိုင်သူတွေဖြစ်ပြီး ပွဲစားက ရန်ကုန်ကို ကားနဲ့ ပို့ဆောင်ခဲ့တာဖြစ်ကာ လာပို့တဲ့သူကို မသိသေးဘဲဖမ်းဆီးရမိသူတွေက မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် ရောက်လာတာလို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ