Local News: ပြန်လွတ်သွားတဲ့ အကျဉ်းသားတွေကို ဆက်လက်စောင့်ကြည့်တာတွေ လုပ်မယ်

မှတ်တမ်းယူမယ့် စီမံချက်တစ်ခုဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

play

 

ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို အသက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားပေးပြီး ထောင်ပြင်ပရောက်ရှိသွားရင်လည်း ဆက်လက်စောင့်ကြည့်မယ့် စီမံချက် တစ်ခုရေးဆွဲနေတယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။

‘‘သက်မွေးဝမ်းကျောင်းပညာတတ်အောင် ငါတို့သင်ပေးမယ်။ တစ်ပိုင်းတစ်စနဲ့ လွတ်သွားတာရှိမယ်။ အားလုံးတတ်ပြီး လွတ်သွားတာတွေ ရှိမယ်။ ဒါကို ငါတို့ ဒီအတိုင်းမလွှတ်ထားဘူး။ သူတို့ဘယ်နေရာမှာ အလုပ်လုပ် နေမလဲ၊ ဘယ်နေရာမှာ တိုးတက် မှုရှိမလဲ၊ တချို့က တိုးတက်မှုမရှိဘဲ ဆက်ခိုးနေတာတွေရှိမယ်။ ငါတို့က ဒါတွေ မှတ်တမ်းယူမယ့် စီမံချက်တစ်ခုဆောင်ရွက်နေတယ်’’လို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောပါတယ်။

ထောင်ပြင်ပမှာ စောင့်ကြည့်လေ့လာမှတ်တမ်းတင်ပြီး ဆက်လက်ဆောင်ရွက်ပေးမယ့် လုပ်ဆောင်ချက်တွေကို စီမံချက်ရေးဆွဲနေတုန်းဖြစ်လို့ အသေးစိတ်အချက် အလက်မရှိသေးဘူးလို့ ဦးမင်းထွန်းစိုးက ပြောပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ