Local News: မှုခင်းကျဆင်းရေး စီမံချက်ဝင် မြို့နယ်တွေမှာ မှုခင်းဖြစ်တာ လျော့ကျမသွား

မြို့နယ် ၂၀ မှာ စီမံချက်နဲ့ လုံခြုံရေးဆောင်ရွက်နေတာပါ။

play
မှုခင်းကျဆင်းရေး ဆွေးနွေးပွဲ ပြုလုပ်နေစဉ်။

 

ရန်ကုန်တိုင်းဒေသကြီးထဲက မှုခင်းဖြစ်ပွားမှုအများဆုံး မြို့နယ် ၂၀ မှာ စီမံချက်နဲ့ လုံခြုံရေးဆောင်ရွက်နေပေမယ့် လေးလောင်းပြိုင် လူသတ်မှုဖြစ် ပွားခဲ့ပြီး မှုခင်းဖြစ်ပွားတာတွေ သိသိသာသာ ကျဆင်းခဲ့တာမရှိဘူးလို့ သိရပါတယ်။

‘‘စီမံချက်ရှစ်မြို့နယ်ထဲမှာ မင်္ဂလာဒုံမြို့နယ် ပါတယ်။ လူသတ်မှုက လူတွေ စိတ်ဝင်စားတဲ့ လေးလောင်းပြိုင်အမှု ဖြစ်သွားတယ်။ အဲဒီအတွက်ကိုလည်း မြို့နယ်တိုင်းမှာရှိတဲ့ ရဲတွေကလိုက်တော့ ကျန်တဲ့အမှုတွေမှာ ဖမ်းဆီးရမိမှုတွေ နည်းတာတွေရှိလာတယ်’’လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

စီမံချက်မှာ ပါဝင်တဲ့မြို့နယ်တွေမှာ လအလိုက် မှုခင်းဖြစ်ပွားတာကို နှိုင်းယှဉ်ရင် နည်းပါးလာတာတွေ့ရပြီး ကြိုတင်ကာကွယ်ဖမ်းဆီးမှုနဲ့ မြို့နယ်အတွင်း လူ မိုက်တွေကိုလည်း ပြစ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ စစ်ဆေးနေကာ ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

သာကေတ၊ မြောက်ဒဂုံ၊ ကမာရွတ်၊ ဒဂုံတောင်၊ သန်လျင်၊ လှိုင်သာယာ၊ စမ်းချောင်း၊ ဗဟန်း၊ ဒလ၊ တွံတေး၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ လှိုင်၊ ဒဂုံအရှေ့၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ မှုခင်းကျဆင်းရေး စီမံချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ