Local News: လက်ထောက် ပညာရေးမှူးကို တိုင်တဲ့ ကျောင်းအုပ်ဆရာမကြီးကို ခံဝန်နှစ်ခါထိုးခိုင်း

ပညာရေးဌာနက တာဝန်ရှိသူတွေဟာလည်း တစ်ဖက်သတ်ကြားနာစစ်ဆေးမှုတွေသာ ဆောင်ရွက်ခဲ့ ပြီး အဖြစ်မှန်နဲ့ လွဲမှားနေတယ်လို့ ယုံကြည်တယ်။

play

 

မောက်မာစွာပြောဆိုခဲ့တဲ့ လက်ထောက်မြို့နယ်ပညာရေးမှူးအား အရေးယူပေးဖို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးထံ တိုင်ကြားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီးတစ်ဦးကို အဆင့်ကျော်တိုင်ကြားတယ်ဆိုပြီး မြို့နယ်ပညာရေးမှူးက ခံဝန်နှစ်ကြိမ် ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

 7Day Daily ရဲ့ ဖော်ပြချက်အရ မြို့နယ်ပညာရေးမှူးရုံးကနေ   ပုံနှိပ်စာအုပ်တွေ ထုတ်ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လက်ထောက်မြို့နယ်ပညာရေးမှူးဟာ ကျောင်းအုပ်တစ်ဦးရဲ့ ဂုဏ်သိက္ခာ ထိခိုက်တဲ့အထိ မောက်မာစွာ ပြောကြားခဲ့တာကြောင့် ဘိုကလေးမြို့နယ် လတာချောင်း(ကျွန်း) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီမြင့်က တိုင်ကြားခဲ့တာဖြစ်ပါတယ်။ 

အဆင့်ကျော်တိုင်ကြားတယ်၊ ချဲ့ကားတိုင်ကြားတယ်ဆိုပြီး  နောင်မလုပ်ဖို့  တိုင်းပညာရေးမှူးရုံးရဲ့ ညွှန်ကြားချက်ကို မြို့နယ်ပညာရေးမှူးက ခံဝန်လက်မှတ်နှစ်ကြိမ် ရေးထိုးခိုင်းခဲ့ကြောင်း၊ လက်မှတ်မထိုးရင်  နောင်တရလိမ့်မယ်လို့ လက်ထောက်မြို့နယ်ပညာရေးမှူးက ခြိမ်းခြောက်ခဲ့ကြောင်းလည်း ဆရာမကြီးဒေါ်နွယ်နီမြင့်က ပြောထားပါတယ်။

အဆို ပါကိစ္စကို လာရောက်စစ်ဆေးသူ ပညာရေးဌာနက တာဝန်ရှိသူတွေဟာလည်း တစ်ဖက်သတ်ကြားနာစစ်ဆေးမှုတွေသာ ဆောင်ရွက်ခဲ့ ပြီး အဖြစ်မှန်နဲ့ လွဲမှားနေတယ်လို့ ယုံကြည်ကြောင်း ဆရာမကြီးက ပြောထားပါတယ်။

ထိုကဲ့သို့ ထိုးခိုင်းတယ်ဆိုတာ မှန်ကန်ပြီး လက်မှတ်မထိုးခဲ့ရင် အလုပ်မှာ ထိခိုက်တာမျိုးတွေ ဖြစ်မှာစိုးလို့ ပြောတာပဲရှိပါတယ်လို့ ဘိုကလေး မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစသိန်းကျော်က ပြောထားပါတယ်။

 Source: 7Day Dail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ