Local News: မုန်တိုင်းကြောင့် ကူညီကယ်ဆယ်ရေးများ အသင့်ပြင်ထားဖို့ ညွှန်ကြားထား

တစ်နာရီကို  လေတိုက်နှုန်း ၅၅ မိုင်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

play

 

မုန်တိုင်းကြောင့်  ကူညီကယ်ဆယ်မှုတွေအတွက် အသင့်ပြင်ဆင်ထားဖို့  မီးသတ်တပ်ဖွဲ့ဝင်တွေကို ကြေညာချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ မုန်တိုင်းနဲ့ပတ်သက်ပြီး ရန်ကုန်၊ ရခိုင်၊ ပဲခူး၊ ဧရာဝတီနဲ့ မွန်ပြည်နယ်တွေမှာ ရှာဖွေကယ်ဆယ်ရေးကို အသင့်အနေအထားလုပ်ဖို့ ကြေညာချက်ထုတ်ထားတယ်လို့  မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက ပြောထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ  ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်ရွေလျားနေတယ်လို့  မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားတာ ဖြစ်ပါတယ်။

မုန်တိုင်းရဲ့အရှိန်ကို ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာ  သက်ရောက်မှု ရှိနိုင်ပြီး တစ်နာရီကို  လေတိုက်နှုန်း ၅၅ မိုင်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Photos & Source: 7Day Daily, www.tmd.go.th

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ