Local News: သိန်း ၉၀၀ ကျော်နဲ့ ဝယ်ထားတဲ့ ပင်ဂွင်ငှက် ကိုးကောင်ကို တိရိစ္ဆာန်ဥယျာဉ်မှာ ပြမယ်

ချက်ကိုစလိုဗက်ကီးယားနိုင်ငံက ဝယ်ထားတာ ဖြစ်ပါတယ်။

play

 

တစ်ကောင်ကို ယူရိုငွေ ၇,၅၀၀ (ကျပ်သိန်း ၁၀၀ ကျော်) နဲ့ ဝယ်ယူထားတဲ့ ပင်ဂွင်ငှက်ကိုးကောင်ကို နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှာ ပြသမယ်လို့ သိရပါတယ်။

နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှာ ပြထားတဲ့ ပင်ဂွင်ငှက်တွေ သေဆုံးသွားတာကြောင့် ပင်ဂွင်ငှက် အထီးလေးကောင်၊ အမငါးကောင်ကို ချက်ကိုစလိုဗက်ကီးယားနိုင်ငံ NatureResource Network မှ ထူးကုမ္ပဏီက ဝယ်ယူထားတာ ဖြစ်ပါတယ်။

နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှာ ပင်ဂွင်မရှိတာ တစ်နှစ်ကျော်ရှိနေပြီး အသစ်ပြန်လည်ဝယ်ယူထားတဲ့ ပင်ဂွင်ငှက်တွေဟာ အောက်တိုဘာ ၂၁ ရက်က နေပြည်တော်တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိလာတာဖြစ်တယ်လို့ တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးသန်းစိုးအေးက ပြောထားပါတယ်။ 

ပင်ဂွင်ငှက်တွေနေထိုင်ရာမှာ မူရင်းဒေသနဲ့ ကိုက်ညီစေဖို့  အပူအအေး ထိန်းညှိပေးခြင်း၊ သဘာဝကျောက်ဆောင်ပုံစံများ ပြုလုပ်ပေးခြင်းနဲ့ ရောဂါပိုးမွှားသန့်စင်ပေးခြင်းတွေ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ