Local News: လုပ်ငန်းရှင်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

စီးပွားရေးပိတ်ဆို့မှုပြန်ဖွင့်လိုက်တာကို နိုင်ငံအတွက်သုံးမှာလား၊ ကိုယ်ကျိုးအတွက်သုံးမှာလားလို့ မေးခွန်းထုတ်ခဲ့တာပါ။

play

 

အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်တာကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးတွေကို စီးပွာရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ကျိုးအတွက်နဲ့ နိုင်ငံအတွက် သုံးမှာလားဆိုတာကို ပြည်သူတွေက စောင့်ကြည့်နေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၂ ရက်က နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာမှာကျင်းပတဲ့ တွေ့ဆုံပွဲမှာ အခုလိုပြောကြားခဲ့တာဖြစ်ပြီး အစိုးရ သက်တမ်း ခြောက်လအတွင်း နိုင်ငံ့စီးပွားရေး တိုးတက်မှုမရှိကြောင်းလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပထမဆုံးအကြိမ်ဝန်ခံ ပြောကြားခဲ့ပါတယ်။

play

 

‘‘စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးနိုင်တယ်။ ဒီအခွင့်ကောင်းကို အများအတွက်ယူစေချင်တယ်။ တစ်နိုင်ငံလုံးကစောင့် ကြည့်နေတယ်။ စီးပွားရေးပိတ်ဆို့ မှု ဖယ်ရှားလိုက်လို့ရလာမယ့် အကျိုးကျေးဇူးတွေကို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက နိုင်ငံအတွက် သုံးမှာလား၊ ကိုယ်ကျိုးအ တွက် သုံးမှာလားဆိုတာ အားလုံး က စောင့်ကြည့်နေတယ်လို့ ကျွန်မသတိပေးလိုက်ပါရစေ’’လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တွေ့ဆုံပွဲကို မက်စ်မြန်မာကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်၊မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ထွန်းဖောင်ဒေးရှင်းဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်းစတဲ့  စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအပါအ၀င် အခွန်အများဆုံးထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၁၅၀ ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ