Local News: မောင်တောအကြမ်းဖက်ဖြစ်စဉ်အပြီး အရပ်သားသုံးဦး ပျောက်ဆုံးနေ

အောက်တိုဘာလ ၁၀ ရက်နေ့မှာ ပျောက်ဆုံးသွားတဲ့ ရခိုင်အမျိုးသားသုံးဦးကို ပြန်မတွေ့သေးဘူးလို့ ဆိုပါတယ်။

play
မောင်တောဒေသတွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ။

 

အောက်တိုဘာလ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့အကြမ်းဖက်မှုတွေစတင်ဖြစ်ပွားပြီး တစ်ရက်အကြာ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဖားဝပ်ချောင်းကျေးရွာကနေ ငါးခူရကျေးရွာကို သွားတဲ့လမ်းမှာ ပျောက်ဆုံးနေတဲ့ ရခိုင်အမျိုးသားသုံးဦးကို ပြန်မတွေ့သေးဘူးလို့ သိရပါတယ်။

‘‘မောင်တောနယ်ခြားစောင့် ရဲစခန်းတွေ အကြမ်းဖက် တိုက် ခိုက်ခံရပြီး နောက်တစ်ရက် အောက်တိုဘာ ၁၀ ရက်ကတည်းက ပျောက်နေတာ ဖြစ်ပါတယ်။ အခုဆိုရင် ပျောက်နေတာ ဆယ် ရက်ကျော်ရှိသွားပါပြီ။ ရှာဖွေရေး တွေလုပ်ဖို့ကလည်း လုံခြုံရေးစိုး ရိမ်နေရတဲ့အချိန်ဖြစ်တာ ကြောင့် မလုပ်နိုင်ခဲ့ပါဘူး။ တချို့ကလည်း အသတ်ခံရတယ်လို့ ပြောနေကြပါတယ်’’လို့ ရွက်ညိုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညီညီက ပြောပါတယ်။

ပျောက်ဆုံးနေသူသုံးဦးက ရွက်ညိုတောင်ကျေးရွာက အသက်(၁၈)နှစ်၊ အသက်(၁၉) နှစ်နဲ့ စံပ္ပာယ်ပင်ရင်းကျေးရွာက အသက်(၃၀)အရွယ် အမျိုးသားသုံးဦးက  ရွှေပန်းထိမ်အလုပ်လုပ်ဖို့ ဖားဝပ်ချောင်းကျေးရွာကနေ ငါးခူရကျေးရွာကို ဆိုင်ကယ်ကိုယ်စီနဲ့ သွားရောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ