Local News: ကျေးရွာတွင်း အလောင်းဖြတ်တာကြောင့် ရွာနှစ်ရွာ ရုန်းရင်းဆန်ခတ်ဖြစ်

ရဲတပ်ဖွဲ့ဝင် ၆၀ လောက်နဲ့ ထိန်းသိမ်းခဲ့ရတယ်လို့ သိရပါတယ်။

play

 

အသုဘချရာမှာ ကျေးရွာတွင်ဖြတ်သန်းတာကြောင့် ရွာနှစ်ရွာကြား ရုန်းရင်ဆန်ခတ်ဖြစ်တဲ့ ဖြစ်ရပ်တစ်ခု ကော့မှူးမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ကျိုက်ထော်စံပြကျေးရွာ တောင်နဲ့ မြောက် ရွာနှစ်ရွာကြားဖြစ်ပွားခဲ့တာဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၆၀ လောက်နဲ့ ထိန်းသိမ်းခဲ့ရတယ်လို့ သိရပါတယ်။

ကျေးရွာတွင်း အမျိုးသမီးသေဆုံးတာကြောင့်  အသုဘချစဉ်မှာ တောင်ဘက်ပိုင်းက ရွာသူရွာသားတွေက မဖြတ်ဖို့ကန့်ကွက်ရာက လူစုလူဝေးဖြစ်ပြီး တစ်ရက်ကြာတဲ့ထိ အလောင်းကို သင်္ဂြိုဟ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ယခင်က ရေလမ်းက ချတာဖြစ်ပေမဲ့ ကုန်လမ်းက ကောင်းနေတဲ့အတွက် ကုန်လမ်းကချရာမှာ ရှေးရိုးအတိုင်းဖြစ်ချင်တဲ့ ကျိုက်ထော်တောင်ကျေးရွာ ဒေသခံတွေက ကန့်ကွက်တာဖြစ်တယ်လို့ သေဆုံးသူရဲ့ မိသားဝင်တစ်ဦးက ပြောထားပါတယ်။

 Photos & Source: 7Day Daily
ပြည်မြန်မာ၊ ထက်အောင်ဖြိုး၊ ကိုထွဋ် (အလွတ်တန်းသတင်းထောက်)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ