Local News: နေပြည်တော်မှာ သာသနာနွယ်ဝင် အလှူခံအတုတွေကို အရေးယူမယ်

သံဃနာယကအဖွဲ့လမ်းညွှန်ချက်နဲ့ အဆိုပါ အရေးယူမယ့်အစီစဉ်ကို ဆောင်ရွက်မှာ ဖြစ်တယ်။

play

 

နေပြည်တော်ကောင်စီအတွင်းမှာ အလှူခံနေတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်နဲ့ ယောဂီဝတ်တွေကို စစ်ဆေးတော့မှာဖြစ်ပြီး အတုအယောင်ဖြစ်ရင် ထိရောက်စွာ အရေးယူမယ်လို့ သိရပါတယ်။

သာသနာအကြည်ညိုပျက်စေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သာသနာအရေခြုံပြီးတော့ အလှူခံစားနေတဲ့ ပုဂ္ဂိုလ်တွေကို ဆရာတော်တွေက နှိမ်နင်းတဲ့ သဘောဖြစ်တယ်လို့ ဇမ္ဗူသီရိမြို့နယ် သာသနာရေးမှူး ဦးလှမင်းက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့လမ်းညွှန်ချက်နဲ့ အဆိုပါ အရေးယူမယ့်အစီစဉ်ကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သပြေကုန်းဈေးနဲ့ မြို့မဈေးမှ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ပွဲရုံတန်းတွေနဲ့ ကားဂိတ်တန်းတွေကို သာမဏေ၊ သီလရှင်နဲ့ ယောဂီဝတ်တွေ ဝင်ရောက်အလှူမခံဖို့နဲ့ အလှူခံခဲ့မယ်ဆိုရင် အရေးယူမယ်လို့ အဆိုပါဈေးနှစ်ခုက ကြေညာချက်လည်း ထုတ်ပြန်ထားပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ