Local News: ခိုးဝင်လာတဲ့ ဘင်္ဂါလီ ၁၇ ဦး ရွှေပေါက္ကံမြို့သစ်မှာ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်မြို့တွေက ရောက်လာတာလို့ ဆိုပါတယ်။

play

 

ရန်ကုန်တိုင်း၊ ရွှေပေါကံ္ကမြို့ထဲက အလောင်းဘုရားလမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ ရခိုင်ပြည်နယ်ထဲကနေ အထောက်အထားမဲ့ခိုးဝင်လာတဲ့ ဘင်္ဂါလီ ၁၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေပေါက္ကံမြို့မရဲစခန်းကနေ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီတွေက ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်မြို့တွေကဖြစ်ပြီး ၀င်းကျော် (စုံစမ်းဆဲ)ဆိုသူနဲ့ အေးသိန်း(စုံစမ်းဆဲ) ဆိုသူတို့က တစ်ဦးကို ငွေကျပ် ၁၁ သိန်းနဲ့ ရန်ကုန်မြို့ကို ခေါ်လာခဲ့တာဖြစ်ပြီး အလောင်းဘုရားလမ်းက နေအိမ်ကိုရောက်နေတာ တစ်ပတ်လောက်ရှိနေပြီဖြစ်ကာ မလေးရှားကို ဆက်သွားရရင် တစ်ဦးကို ငွေကျပ် ၁၂ သိန်းပေးရမယ်လို့ ဆိုပါတယ်။

အထောက်အထားမဲ့ ခိုးဝင်လာကြတဲ့ ၁၇ ဦးတို့ကို ရွှေပေါက္ကံနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀နဲ့ ၁၉၄၉ ခုနှစ်၊ မြန်မာနိုင်ငံ အတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ၆(၂)/၆(၃) တို့အရ အမှုဖွင့်အရေးယူထားပြီး သူတို့ကို ခေါ်လာတဲ့ ၀င်းကျော်နဲ့ အေးသိန်းတို့ကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source & Photo : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ