Local News: မုန်တိုင်းသတိပေးချက် အနီရောင်အဆင့် သတ်မှတ်လိုက်ပြီ

တစ်နာရီကို (၄၅)မိုင်ကနေ မိုင်(၅၀)နှုန်းနဲ့လေတိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

play


ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်က အရှေ့- အရှေ့မြောက်ဘက်ကို ရွေ့လျားနေပြီး မြန်မာနိုင်ငံက မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ နီးကပ်နေတာကြောင့် အနီရောင်အဆင့်သတ်မှတ်လိုက်ပြီလို့ မိုးဇလဦးစီဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မုန်တိုင်းငယ်က နောက်(၁၂) နာရီအတွင်း မြန်မာနိုင်ငံ(မြစ်ဝကျွန်းပေါ်ဒေသ) နားကိုရောက်ပြီး နောက်ပြန်ကွေ့ကာ မြောက်-အနောက်မြောက်ဘက်ကို  ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းဒီရေအမြင့်ဆုံးက ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့မှာ (၇)ပေကနေ (၁၀)ပေခန့်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပြီး မြန်မာနိုင်ငံအလယ်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုးဇလဦးစီးဌာနက သတိပေးထားပါတယ်။

ဒါ့အပြင် မုန်တိုင်းငယ်ရောက်ရှိလာတဲ့အချိန်မှာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာ အမြင့်ဆုံးလေတိုက်နှုန်းက တစ်နာရီကို (၄၅)မိုင်ကနေ မိုင်(၅၀)အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

Source & Photo : DMH

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ