Local News: မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်သွား ရေယာဉ်တွေ မထွက်ဖို့တားမြစ်ထား

အောက်တိုဘာလ ၂၃ ရက်ကနေ ၂၅ ရက်အထိမထွက်ဖို့ တားမြစ်ထားတာပါ။

play

 

လတ်တလောဖြစ်ပေါ်နေတဲ့ မုန်တိုင်းအန္တရာယ်ကြောင့် ပုသိမ်၊မြောင်းမြနဲ့ ဖျာပုံခရိုင်က ခရီးသည်တင်ရေယာဉ်တွေနဲ့ ငါးဖမ်းစက်လှေတွေ အနေနဲ့ အောက်တိုဘာလ ၂၃ ရက်ကနေ ၂၅ ရက်အထိ ရေကြောင်းခရီးမထွက်မထွက်ကြဖို့  ဧရာဝတီတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနက ညွှန်ကြားချက် ထုတ်ထားတယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့မုန်တိုင်းက ဒီနေ့ညနေပိုင်းမှာ ပိုမိုအားကောင်းလာပြီး မြန်မာ့ကမ်းရိုးတန်း (မြစ်ကျွန်းပေါ်ဒေသ)နားကို ရောက်မယ့်အချိန်မှာ  ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို (၄၅)မိုင်ကနေ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ  တစ်နာရီကို မိုင်(၃၀)ကနေ (၃၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့  မိုးဇလဦးစီးဌာနက သတိပေးထားပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ