Local News: မုန်တိုင်းအန္တရာယ်ကြောင့် ပုသိမ်က စာသင်ကျောင်းတွေကို ယာယီပိတ်ထား

အောက်တိုဘာ ၂၄ ရက်နေ့မှာ ပိတ်ထားဖို့ ညွန်ကြားထားပါတယ်။

play

 

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းကြောင့်  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ထဲက အခြေခံပညာ ကျောင်းတွေအားလုံးကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ပိတ်ထားဖို့  မြို့နယ်ပညာရေးမှူးရုံးကနေ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မုန်တိုင်းဖြတ်ကျော်ပြီးသွားရင်လည်း အခြေအနေကို စာရင်းပေးပို့ကြဖို့နဲ့ ကျောင်းတွေမှာရှိတဲ့ အရေးကြီးစာရွက်စာတမ်းတွေကိုလည်း စနစ်တကျထုပ်ပိုး သိမ်းဆည်းထားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ မုန်တိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနားကနေ ဖြတ်သန်း သွားမယ်လို့ မိုးဇလဦးစီးဌာနက ကြေညာထားပြီး မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ နီးကပ်နေလို့ အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။

Source & Photos : MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ