Local News: မောင်တောက နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ပစ်အားပိုကောင်းတဲ့လက်နက်တွေ ထပ်မံတပ်ဆင်ပေး

ဘီအေ ၆၃နဲ့ ဘီအေ ၆၄ မောင်းပြန်ရိုင်ဖယ်တွေ တပ်ဆင်ပေးခဲ့တာပါ။

play
ဘီအေ ၆၃ အမျိုးအစား မောင်းပြန်ရိုင်ဖယ်ကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး။

 

မောင်တောဒေသမှာ လုံခြုံရေးတာဝန်ယူနေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှာ လက်ရှိအသုံးပြုနေတဲ့ လက်နက်တွေထက် ပိုမိုပစ်အားကောင်းတဲ့ လက်နက်တွေ ထပ်မံထုတ်ပေးခဲ့တယ်လို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ရခိုင်ပြည်နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ လက်ရှိအသုံးပြုနေတဲ့ MA-11 မောင်းပြန်ရိုင်ဖယ်တွေအပြင် ဖောက်ထွင်းအားနဲ့ ပစ်အား ကောင်းတဲ့ ဘီအေ ၆၃၊ ဘီအေ ၆၄  နဲ့ ဘီအေ ၉၄ အမျိုးအစား မောင်းပြန်ရိုင်ဖယ်သေနတ်တွေကို ထုတ်ပေးခဲ့တာလို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

play

 

ထပ်မံထုတ်ပေးလိုက်တဲ့ လက်နက်တွေက ဖောက်ထွင်းအားနဲ့ ယမ်းအားပိုမိုပြင်းထန်တဲ့ လက်နက်အမျိုးအစားတွေဖြစ်ပြီး လက်ရှိအသုံးပြု နေတဲ့ MA-11 မောင်းပြန်ရိုင်ဖယ်တွေက ၅ ဒသမ ၅၆ ကျည်ဆန်အသုံးပြုရတာဖြစ်ကာ ဘီအေ ၆၃၊ ဘီအေ ၆၄ သေနတ်တွေက ၇ ဒသမ ၆၂ ကျည်ဆန်အမျိုးအစားအသုံးပြုရတာလို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနလေးခုရှိပြီး ဌာနချုပ်ဖြစ်တဲ့ အမှတ်(၁)နယ်ခြားစောင့်တပ်နဲ့ အမှတ်(၂)နယ်ခြားစောင့် ရဲတပ်ဖွဲ့က မောင်တောမှာ အခြေစိုက်ကာ  အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့က  ဘူးသီးတောင်မြို့နယ်နဲ့ အမှတ်(၄)နယ်ခြားစောင့် ရဲတပ်ဖွဲ့ကတော့ အလယ်သံကျော်မြို့နယ်မှာ အခြေစိုက်တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Kyaw Swar Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ