Local News: မောင်တောအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လူ ၄၀ ကျော်ကို ဖမ်းဆီးထား

အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်သူခြောက်ဦးကို ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

play

 

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူလေးဆယ်ကျော်ကို ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

မောင်တောဒေသ အကြမ်းဖက်မှုမှာ ဖမ်းဆီးထိန်းသိမ်းထားသူ ၂၉ ဦးရှိပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ စစ်ဆေးနေကြောင်း အောက်တိုဘာ ၁၇ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောကြားထားပါတယ်။

 မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်မှာ  ပါဝင်သူ ၁၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရကလည်း အောက်တိုဘာ ၁၈ ရက်တုန်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းတွေက အောက်တိုဘာ ၁၉ ရက်က မောင်တော မြို့နယ် ငါးခူရကျေးရွာအနီး နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်စဉ်မှာ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်သူခြောက်ဦးကို ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါထုတ်ပြန်ချက်တွေအရ မောင်တော အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိထားသူ စုစုပေါင်း ၄၆ ဦး ရှိပြီ ဖြစ်ပါတယ်။

Source: 7Day Daily
Photos :AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ