Local News: အောင်စိုးမိုးကျော် ရေယာဉ်မောင်းသူကို မဖမ်းမိသေး

ဘယ်အချက်က ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကို ထိထိရောက်ရောက် စစ်ဆေးအရေးယူသွားမယ်။

play

 

ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့တဲ့  အောင်စိုးမိုးကျော်ရေယာဉ်မောင်းသူကို  ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။ 

 အခင်းဖြစ်တဲ့နေ့ကစပြီး တောက်လျှောက်စုံစမ်းနေကာ တရားခံတွေကို မိအောင်ဖမ်းဖို့ ဆောင်ရွက်နေပါတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး လူလူသန်းက ပြောထားပါတယ်။

ကနီမြို့နယ် ချိုင်ကျေးရွာနေ အသက် (၄၀) အရွယ် ဇော်မျိုးဝင်း မောင်းနှင်လာတဲ့  အလျား ၁၅ ပေ၊ အနံ ၉ ပေ၊ ဇောက် ၄ ပေခွဲရှိ ရေယာဉ်ဟာ ဟုမ္မလင်းမြို့ကနေ  မုံရွာမြို့ကို မောင်းနှင်လာတုန်းမှာ ကျောက်ဆောင်ကို ရှောင်ရာက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိထားရကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

အသေးစိတ်စစ်ဆေးချက်တွေ ပေါ်ပေါက်တဲ့အခါ ဘယ်အချက်က ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကို ထိထိရောက်ရောက် စစ်ဆေးအရေးယူသွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်လှက ပြောထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ