Local News: တပ်မတော်နဲ့ 'ဝ' တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုဖြစ်ပွားနေ

မိုင်းလားဒေသမှာ ဝင်ရောက်တပ်စွဲထားတဲ့ ‘ဝ’ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဆုတ်ခွာပေးဖို့ တပ်မတော်က ညွှန်ကြားတာဖြစ်ပါတယ်။

play

 

မိုင်းလားဒေသမှာ ဝင်ရောက်တပ်စွဲထားတဲ့ ‘ဝ’ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဆုတ်ခွာပေးဖို့ တပ်မတော်က ညွှန်ကြားတာကြောင့် အခြေအနေတင်းမာမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထားဆုတ်ခွာပေးဖို့ ညွှန်ကြားထားတာဖြစ်ပြီး ကျိုင်းတုံ-မိုင်းလားကားလမ်းက တာပင်းဂိတ်နဲ့ မိုင်းယုဂိတ်တွေကို ‘ဝ’အဖွဲ့က ပိတ်လိုက်ပြီးနောက်မှာ  အစိုးရဘက်ကပါ ဖြတ်သန်းသွားလာမှုကို  ပိတ်လိုက်တာ ဖြစ်ပါတယ်။

‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)တပ်ဖွဲ့ဝင် တစ်ထောင်ကျော်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)အဖြစ် သတ်မှတ်ထားတဲ့ မိုင်းလားဒေသအတွင်းက လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုံနဲ့ ဝမ့်နောင်ဟုတ် စခန်းတွေကိုပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဝင်ရောက်တပ်စွဲထားတာ ဖြစ်ပါတယ်။

အဆိုပါညွှန်ကြားချက်နဲ့ပတ်သက်ပြိး သူတို့ဘက်ကတော့ လောလောဆယ်တော့ ဘာမှမသိသေးဘဲ အကြောင်းကြားစာတော့ သိပြီးပြီလို့ UWSP/UWSA မှ အမည် မဖော်လိုတဲ့တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ