Local News: သစ်ပင်ပေါင်း ခုနစ်သောင်းကျော် ဖယ်ရှားဖောက်လုပ်ရမယ့် မန္တလေး-ပြင်ဦးလွင် လမ်းသစ်

လက်ရှိမှာ မန္တလေး ပုသိမ်ကြီးမြို့နယ်ဘက်ကနေ ၆ မိုင် ၆ ဖာလုံခန့် လမ်းအူကြောင်း ဖောက်လုပ်ထားတယ်

play

 

မန္တလေး-ပြင်ဦးလွင် လမ်းသစ်ဟာ သစ်တောကြိုးဝိုင်း ဧရိယာကို ဖြတ်ဖောက်မှာ ဖြစ်တာကြောင့် သစ်ပင်ပေါင်း ခုနစ်သောင်းကျော် ခုတ်ထွင်ရှင်းလင်းရမှာဖြစ်ပြီး ပြင်ဦးလွင် သစ်တောဦးစီးဌာနက လုပ်ငန်းယာယီရပ်ဆိုင်းဖို့  တားမြစ်ထားတယ်လို့ သိရပါတယ်။

လမ်းအကျယ် ပေ ၁၅၀ ဖောက် လုပ်မယ်ဆိုရင် သစ်ပင်ပေါင်း ခုနစ်သောင်းကျော် ဖယ်ရှားရမှာဖြစ်တာကြောင့် လမ်းအကျယ်ပေ ၅၀ ကို  လျှော့ချဖောက်လုပ်ဖို့ စီစဉ်နေတယ်လို့ စီမံကိန်းဆောင်ရွက်နေတဲ့  Axiom Mandalay Highway ဆောက်လုပ်ရေးကုမ္ပဏီမှ သတင်းရရှိထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

Axiom ကုမ္ပဏီက တည်ဆောက်မယ် လမ်းအူကြောင်းပုံစံအရ လမ်းအကျယ် ပေ ၁၅၀ ဖြင့် ဖောက်လုပ်မယ်ဆိုရင် အရှည် ၁၄ မိုင်၊ ၂၇၃ ဧကဟာ သစ်တောဧရိယာအတွင်းကနေ ဖြတ်ဖောက်ရမှာဖြစ်တာကြောင့် တမလန်းပင် ၅၆၀ ၊ သစ်ရာပင် ၂၂၄ ပင်၊ သဘာဝအလျောက် ပေါက်နေတဲ့ လုံးပတ်တစ်ပေနဲ့ အထက် သစ်ပင်ပေါင်း ၇၃,၃၅၂ ပင်ကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။ 

အဆိုပါစီမံကိန်းကို လက်ရှိမှာ မန္တလေး ပုသိမ်ကြီး မြို့နယ်ဘက်ကနေ ၆ မိုင် ၆ ဖာလုံခန့် လမ်းအူကြောင်း ဖောက်လုပ်ထားတယ်လို့ သိရပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ