Local News: ရဲတပ်သားတစ်ဦးက အသက်မပြည့်သေးတဲ့ မိန်းကလေးကို အဓမ္မပြုကျင့်မှုဖြစ်

အောက်တိုဘာ ၁၆ ရက်က တောင်သာမြို့အမှတ် (၅) ရပ်ကွက်မှာဖြစ်ပွားခဲ့တာပါ။

play

 

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့မှာ  အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို ရဲတပ်သားတစ်ဦးက အတင်းအဓမ္မ ပြုကျင့်တယ်ဆိုပြီး ရဲစခန်းမှာတိုင်ကြားမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်က တောင်သာမြို့အမှတ် (၅) ရပ်ကွက်မှာနေတဲ့ စစ်မှုထမ်းဟောင်း အငြိမ်းစားတစ်ဦးရဲ့ သမီးနှစ်ဦးက စာအုပ်အငှားဆိုင်သွားတုန်းမှာ ရဲတပ်သားက အသက် (၁၅) နှစ်အရွယ် မိန်းကလေးကိုခေါ်ဆောင်သွားပြီး အတင်းအဓမ္မပြုကျင့်ခဲ့တာလို့ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

အတင်းအဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အမျိုးသားက မိန်းကလေးကို ဆိုင်ကယ်နဲ့ တောင်သာ-မြင်းခြံကားလမ်း၊ တောင်သာ၊ မြင်းခြံနယ်စပ် တံတားအလွန်က တောထဲကို ခေါ်ဆောင်ပြီး အတင်းအဓမ္မပြုကျင့်ကာ ရပ်ကွက်ဘူတာရုံရှေ့ကို  ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါရဲတပ်သားက ငါန်းဇွန်မြို့မရဲတပ်ဖွဲ့စခန်းမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်ကစပြီး ခွင့်မဲ့ပျက်ကွက်နေသူ ဖြစ်ကာ အောက်တိုဘာ ၁၇ ရက်ကမှာ ဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ တောင်သာမြို့မရဲတပ်ဖွဲ့စခန်းကနေ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ