Local News: အရည်အသွေးနိမ့် သောက်ရေသန့်တွေကို ဖော်ထုတ် အရေးယူမယ်

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

play

 

ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနေတဲ့ သောက်ရေသန့်တွေထဲက အရည်အသွေးနိမ့် သောက်ရေသန့်တွေကို ဈေးကွက်ထဲကနေ ရှာဖွေဖော်ထုတ်ပြီး အမျိုးသား အစားအသောက် ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

play

 

FDA အနေနဲ့ အစားအသောက်ထုတ်လုပ်တဲ့ ထောက်ခံချက်တွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီစိစစ်ပြီး အမြန်ဆုံးထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေပြီး ဈေးကွက်ထဲမှာ  အရည်အသွေးအာမခံချက်မရှိဘဲ ထုတ်လုပ်ရောင်းချနေတဲ့ သောက်ရေသန့်လုပ်ငန်းတွေကို ရှာဖွေဖော်ထုတ်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

သောက်ရေသန့်လုပ်ငန်းရှင်တွေက အစားအသောက်ထုတ်လုပ်ဖို့ ထောက်ခံချက်ရရှိပြီး သက်တမ်းရှိမှပဲ ထုတ်လုပ်ရောင်းချဖို့နဲ့ လုပ်ငန်းသစ်ထောက်ခံချက် လျှောက်ထားဆဲ ကာလတွေမှာ ရောင်းချတာတွေမလုပ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးထားကာ သတိပေးချက်ကို လိုက်နာဆောင်ရွက်တာတွေမလုပ်ရင်  ထုတ်လုပ်တဲ့နေရာအထိ စစ်ဆေးဖော်ထုတ်ပြီး ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုပါတယ်။

Source : 7DayDaily

Photos : May Su Mon Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ