Local News: ခွင့်ပြုတန်ချိန်ထက်ပိုတင်ရင် ရေကြောင်းဥပဒေနဲ့ အရေးယူမယ်

အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်ပြီးနောက်ပိုင်း အခုလိုကြေညာခဲ့တာပါ။

play
အောင်စိုးမိုးကျော်ရေယာဉ်ကို ပြန်လည်ဆယ်ယူနေစဉ်။

 

ချင်းတွင်းမြစ်ထဲမှာ ပုံမှန်ပြေးဆွဲနေတဲ့ လူစီးနဲ့ ကုန်တင်အမြန်ရေယာဉ်တွေအနေနဲ့  ခွင့်ပြုတန်ချိန်ထက် ပိုမိုတင်ဆောင်မယ်ဆိုရင် ရေကြောင်းဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက အသိပေးကြောညာခဲ့ပါတယ်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ရေယာဉ်တွေအနေနဲ့ အရေးပေါ်အခြေအနေ ရုတ်တရက်ကြုံတွေ့တဲ့အချိန်မှာ အချိန်နဲ့ တစ်ပြေးညီလိုက်နာဆောင်ရွက်ရမည့်အချက်တွေကို ပညာပေးဟောပြောပွဲတွေ ပြုလုပ်ပြီး သတ်မှတ်ညွှန်ကြားချက်တွေကို  မလိုက်နာရင် ရေကြောင်းဥပဒေတွေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်ပြီးနောက်ပိုင်း ချင်းတွင်းမြစ်ကြောင်းသွား အမြန်ရေယာဉ်တွေကို လုပ်ငန်းလိုင်စင်နဲ့ ရေယာဉ်လိုင်စင်သက်တမ်း ရှိ/မရှိ၊ သတ်မှတ်ထားတဲ့ ၀န်တင်စည်းမျဉ်းထက်ကျော်လွန်ပြီး ခရီးသည်/ကုန်စည်တွေ တင်ဆောင်ထားတာ ရှိ/မရှိ စစ်ဆေးနေပြီး အသက်ကယ်အင်္ကျီ၊ သက်ကယ်ဗောကွင်း စီမံထားတာတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : Xinhua

Photo : AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ