Local News: အကြွေစေ့ ဂိမ်းဆိုင်တွေကို အရေးယူတော့မယ်

ရန်ကုန်တိုင်းနယ်လုံဝန်ကြီးက ဒီနေ့လုပ်ခဲ့တဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ ပြောခဲ့တာပါ။

play

 

လောင်းကစားဝိုင်းအသွင်ဆောင်တဲ့ အကြွေစေ့ဂိမ်းဆိုင်တွေကို ဖမ်းဆီးအရေးယူသွားမယ်လို့  ရန်ကုန်တိုင်းနယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ဒီနေ့ပြုလုပ်နေတဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်နဲ့ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းတို့က ရန်ကုန်မြို့တိုင်းထဲမှာဖွင့်လှစ်ထားတဲ့  အကြွေစေ့ဂိမ်းဆိုင်တွေကို ဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူဖယ်ရှားပေးဖို့ ရှိ၊မရှိ မေးမြန်းတာကို ဗိုလ်မှူးကြီးတင်အောင်ထွန်းက အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ကလေးတွေကစားတဲ့ ဆိုင်တွေမှာ လောင်းကစားတွေပါတဲ့ ဂိမ်းကစားတာတွေတွေ့ရင် သတင်းပေးတိုင်ကြားဖို့နဲ့ ဥပဒေနဲ့မညီဘဲ ဖွင့်လှစ်ထားတဲ့ အကြွေစေ့ဂိမ်းဆိုင်တွေကို ဖမ်းဆီးဖို့ ရန်ကုန်မြို့ခရိုင်လေးခုက ရဲတပ်ဖွဲ့မှူးတွေကို ခေါ်ယူအသိပေး ညွှန်ကြားထားတယ်လို့ ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောပါတယ်။

Source : 7DayDaily

Photos :

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ