Local News: ရန်ကုန်က တန်ဖိုးနည်းအိမ်ရာတွေ နိုဝင်ဘာမှာရောင်းမယ်

ယုဇနတန်ဖိုးနည်းအိမ်ရာနဲ့ လှိုင်သာယာရွှေလင်ဗန်းအိမ်ရာတွေကို ရောင်းချသွားမှာပါ။

play
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနတန်ဖိုးနည်းအိမ်ရာများကို တွေ့ရစဉ်။

 

အိမ်ရာမရှိသေးတဲ့ ပြည်သူတွေအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ဆောက်လုပ်နေတဲ့ ရန်ကုန်မြို့က တန်ဖိုးနည်းအိမ်ရာတွေကို လာမယ့် နိုဝင်ဘာလထဲမှာ   ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောပါတယ်။

"ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ဝယ်ယူလိုတဲ့ တိုက်ခန်းတန်ဖိုးရဲ့ ရာခိုင်နှုန်း ၃ဝ ငွေစုဆောင်းပြီးတဲ့သူတွေကို အစဉ်လိုက် ဦးစားပေးရောင်းချ သွားမှာဖြစ်တယ်။ အဲဒါတွေကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် သတင်းစာတွေက ကြော်ငြာပြီးတော့ ရောင်းချပေးသွားမှာပါ"လို့ ဦးမင်းအောင်အေးက ပြောပါတယ်။

play

 

အရင်အစိုးရလက်ထက်က အကောင်အထည် ဖော်တည်ဆောက်ခဲ့တဲ့ ဒဂုံဆိပ်ကမ်းက ကနောင်တန်ဖိုးနည်းအိမ်ရာနဲ့ ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)၊ (၂) နဲ့ အပိုင်း(၃)တွေမှာရှိတဲ့ တိုက်ခန်းတွေထဲကနေ ထုတ်နုတ်ရောင်းချပေးသွားမှာဖြစ်ပြီး လှိုင်သာယာ၊ ရွှေလင်ပန်း အပိုင်း (၃) တိုက်ခန်းတွေကိုလည်း ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်းအိမ်ရာ ၂၂ဝဝ ကျော် ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပြီး ရောင်းချပေးမယ့် တိုက်ခန်းတွေရဲ့ တန်ဖိုးက အနည်းဆုံးကျပ်သိန်း ၉ဝ ကျော်ကနေ ကျပ်သိန်း ၆ဝဝ အထိရှိပြီး နေရာဒေသ၊ အထပ်မြင့်အလွှာ၊ တိုက်ခန်းအမျိုးအစားအပေါ်မူတည်ကာ ဈေးနှုန်းပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။

Source : The Ladies News

Photos : Wai Linn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ