Local News: အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ငါးဦးဒဏ်ရာရ

အောက်တိုဘာလ ၂၄ ရက် ညကမိုင်တိုင် ၂၅၆ အကျော်မှာ တိမ်းမှောက်ခဲ့တာပါ။

play

 

ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် ၂၅၆ အကျော်မှာ အောက်တိုဘာလ ၂၄ ရက် ည ၁၁ နာရီလောက်က ဝေဖြိုးအောင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့လို့ အမျိုးသားငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

"မိုးတွေရွာနေတော့စလစ်ဖြစ်ပြီး တိမ်းမှောက်တာပါ။ တံတားလက်ရမ်းနဲ့ငြိပြီး အောက်ကိုပြုတ်ကျမသွားတာ ကံတော်တော်ကောင်းတယ်။ အောက်ပြုတ်ကျသွားရင်တော့မလွယ်ဘူး။ ခေါင်းခန်းလေကာမှန်ကွဲ ထွက်ပြီး ယာဉ်မောင်းကတော့ တံတားအောက်ပြုတ်ကျသွားတယ်"လို့ အမြန်လမ်းကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်ငါးဦး ဒဏ်ရာရှိခဲ့ပြီး ယာဉ်မောင်းနဲ့ အကူက ဒဏ်ရာပြင်းထန်လို့ မိထ္တီလာပြည်သူ့ဆေးရုံမှာ တင်ထားရတယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ