Local News: ကိုယ်ထည်ပြောင်း(အလုံးချိန်း)ထားတဲ့ ကားတွေတွေ့ရင် ပြင်းပြင်းထန်ထန်အရေးယူမယ်

သက်တမ်းတိုးအချိန်ကျရင် သေသေချာချာ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

play

 

မှတ်ပုံတင်ထားတဲ့ကားတွေကို ပြန်ရောင်းချတဲ့အခါ ဈေးကောင်းရဖို့ မော်ဒယ်နိမ့်ယာဉ်တွေကို ကိုယ်ထည်ပြောင်းလဲထားတာတွေ စစ်ဆေး တွေ့ရှိရင် ကားကိုသိမ်းဆည်းတဲ့အထိ ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာလိုက်ပါတယ်။

play

 

ကိုယ်ထည်ပြောင်းလဲတပ်ဆင်တာတွေကို ယာဉ်မတော်တဆ ဖြစ်ပွားတာတွေနဲ့ ကိုယ်ထည်ဆွေးမြည့်တာတွေဖြစ်တဲ့ ယာဉ်တွေကိုပဲ ခွင့်ပြုပေးနေပေမဲ့ နောက်ပိုင်းမှာ ဒီလိုလုပ်ဆောင်တာတွေရှိလာလို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ယာဉ်လိုင်စင် သက်တမ်းတိုးပေးတဲ့အချိန်ကျရင် ကိုယ်ထည်ပြောင်းလဲထားမှု ရှိ၊ မရှိကို သေသေချာချာစစ်ဆေး သွားမယ်လို့ ဆိုပါတယ်။

ကိုယ်ထည်ပြောင်းလဲ တပ်ဆင်ထားတဲ့ ကားတွေကို သိမ်းဆည်းမယ့်အစီအစဉ်ကို ဒီနှစ်ကုန်ပိုင်းမှာ စတင်လုပ်ဆောင်မှာဖြစ်လို့ ပြည်တွင်းမှာ ကိုယ်ထည် တရားမဝင်ပြောင်းလဲတာတွေ သိသိသာသာ လျော့နည်းဖို့မျှော်လင့်ထားတယ်လို့ ကညန တာဝန်ရှိသူတွေက ပြောပါတယ်။

Source : Myawaddy

Photos : MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ