Local News: အရှေ့လေပွေလှိုင်းကြောင့် မုန်တိုင်းတစ်လုံး ဖြစ်လာနိုင်တယ်လို့ဆို

ဒေါက်တာထွန်းလွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။

play

 

အောက်တိုဘာလ ၂၅ ရက်နေ့က ထိုင်းပင်လယ်ကွေ့ထဲမှာ အစပျိုးဖြစ်ပေါ်ခဲ့တဲ့ လေထုမတည်ငြိမ်မှု (disturbance) တစ်ခုက လှိုင်းတစ်ခုအနေနဲ့  အနောက်မြောက်ဘက်ကို စတင်ရွေ့လျားလာပြီး အောက်တိုဘာလ(၂၇)ရက်ကနေ (၂၉)ရက်အတွင်း မြန်မာနိုင်ငံက ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဖြတ်သန်းသွားမယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

ဒီလေပွေလှိုင်းက ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းကို သက်ဆင်းသွားတဲ့အခါ ပြန်လည်အားပျိုးလာပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

မိုးဇလဌာနက ဒီနေ့ မွန်းလွဲ ၂ နာရီက ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်က အနောက် – အနောက်မြောက်ဘက်သို့ ရွေ့လျားသွားပြီး  ပိုမိုအားကောင်းလာကာ၊ ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT) အဖြစ်ကို ရောက်ရှိသွားပြီး မြန်မာ့ကမ်းရိုးတန်းဘက်ကို မလာတော့လို့ အဝါရောင်အဆင့် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

Source & Photo : U Tun Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ