Local News: ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေ ပထမဆုံးအကြိမ် ပြည်တော်ပြန်ပြီ

, updated

ဒုက္ခသည်တွေက သူတို့ဆန္ဒအလျောက်နေရပ်ကို ပြန်လာကြတာပါ။

play
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုကိုတွေ့ရစဉ်။


ထိုင်း-မြန်မာနယ်စပ်တစ်လျောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ၆၈ ဦးက အောက်တိုဘာလ ၂၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံထဲက သူတို့ရဲ့နေရပ်တွေဆီကို ပထမဦးဆုံးအကြိမ် ပြန်နေကြပြီလို့  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်တော်ပြန်မယ့် ဒုက္ခသည်တွေက မြန်မာနဲ့ ထိုင်းတာဝန်ရှိသူတွေဆီက သက်ဆိုင်ရာစာရွက်စာတမ်းတွေကို ပထမဆုံး လက်ခံရရှိ ထားပြီးပြီလို့လည်း သိရပါတယ်။

"ဒါဟာထူးခြားတဲ့ သမိုင်းမှတ်တိုင်တစ်ခုပါ။ ဒါပေမယ့် အလုံးအရင်းနဲ့ ပြောင်းရွေ့မှုတစ်ခုတော့ ဖြစ်လာမှာမဟုတ်ပါဘူး"လို့ UNHCR ရဲ့ အကြီးတန်းတာဝန်ခံအိုင်ရန်ဟောက ရိုက်တာသတင်းဌာနနဲ့ ဖုန်းအင်တာဗျုးတစ်ခုမှာ ပြောခဲ့ပြီး ထိုင်းနိုင်ငံအနောက်ဘက်ခြမ်း ရတ်ချာဘူရီ ခရိုင်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုက မိသားစုတစ်စုနဲ့ တာ့ခ်ခရိုင်နူပိုဒုက္ခသည်မှာရှိတဲ့ ဒုက္ခသည်တွေကလည်း အောက်တိုဘာလ ၂၆ ရက်မှာ မြန်မာနိုင်ငံကို ပြန်လာမယ်လို့ဆိုပါတယ်။

play


လူကယ်ပြန်ဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ ဦးကိုကိုနိုင်ကတော့ နေရပ်ပြန်လာတဲ့ဒုက္ခသည်တွေကို ကြိုဆိုဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောလိုက်ပြီး ဒုက္ခသည်တွေက သူတို့ဆန္ဒအလျောက်နေရပ်ကို ပြန်လာတာလို့လည်း ဆိုပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ်တစ်လျောက်က ဒုက္ခသည်စခန်းကိုးခုမှာ မြန်မာဒုက္ခသည် တစ်သိန်းသုံးသောင်းကျော် ရှိနေပြီး သူတို့ရဲ့နေရပ်ပြန်ရေးအိမ်မက်က မဖြစ်နိုင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ အာဏာပြန်ရလာတဲ့ အချိန်ကျမှ နေရပ်ပြန်လာခဲ့ကြတာပါ။

Source : CNA
Photos : Christian Bobst,Human Rights Watch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ